Xenon အကြောင်း - Xenon Company Limited သည် အဆင့်မြင့်အွန်လိုင်းပုံနှိပ်ပလက်ဖောင်းဖြစ်ပြီး ကိုယ်ရေးကိုယ်တာ၊ စျေးကွက်မြင့်တင်ရေး၊ လုပ်ငန်းသုံးနှင့် သတင်းဖြန့်ချီရေးဆိုင်ရာ ပုံနှိပ်ခြင်းအမျိုးမျိုးတို့အတွက် အသက်သာဆုံးနှုန်းထား၊ အကောင်းမွန်ဆုံး အရည်အသွေးနှင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ အွန်လိုင်းမှ လွယ်ကူစွာ ဝယ်ယူနိုင်သဖြင့် သင့်ပုံနှိပ်စက်သို့ သွားစရာမလိုဘဲ အချိန်ကုန်သက်သာနိုင်ပါသည်။ အောက်ပါပုံနှိပ်ဝန်ဆောင်မှု အမျိုးမျိုးအတွက် Xenon Company Limited တစ်နေရာတည်းတွင် အကောင်းဆုံးဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။

• လိပ်စာကတ်၊ စာအိတ်၊ Letterhead ၊ Greeting Card ၊ ပို့စ်တ်၊ လက်ကမ်းစာစောင်၊ ပိုစတာ၊ Brochure နှင့် အခြားစာရွက်စာတမ်းအမျိုးမျိုး ဖန်တီးရာတွင်အသုံးပြုသော လူသုံးများ ကုန်ကြမ်းပစ္စည်းအမျိုးမျိုး
• အရေအတွက် ထောင်နှင့်ချီသော အသင့်သုံး Template များနှင့် လိုအပ်သလိုအသုံးပြုနိုင်သော Customizable Product များ။ ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ဖန်တီးပေးသော ပုံနှိပ်ပစ္စည်းအမျိုးမျိုး။
• ဒီဇိုင်းဆွဲခြင်း၊ ဒီဇိုင်းပြင်ခြင်း၊ စာပြင်ခြင်းတို့ကို ချက်ချင်းပြော ချက်ချင်းရယူနိုင်ခြင်း။
• သင့်ကိုယ်ပိုင် စတိုင်၊ ဒီဇိုင်း၊ အရေအတွက်၊ ပို့ဆောင်နည်း၊ ငွေချေနည်းတို့ကို ရွေးချယ်ရုံဖြင့် ကျန်ကိစ္စများကို Xenon က တာဝန်ယူသွားမည်ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်ခေတ်၏ အကျိုးကျေးဇူးများကို ခံစားနိုင်ရန် Xenon က သင့်ကို အကောင်းဆုံးကူညီနေပါသည်။ စျေးနှုန်းသက်သာမှု၊ ညှိနှိုင်းနိုင်မှု၊ အကျိုးကျေးဇူးရမှုတို့အတွက် အခြား မည်သည့်အွန်လိုင်းပုံနှိပ်လုပ်ငန်းနှင့်မဆို နှိုင်းယှဉ်နိုင်ပါသည်။ ပန်းချီဆရာ၊ အလွတ်တန်းဒီဇိုင်နာ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့် ပုံနှိပ်ရန်လိုအပ်သော မည်သည်သူမဆို Xenon Company Limited ၏ နွေးထွေးသော ဝန်ဆောင်မှုများကို ရယူသုံးစွဲရန် ဖိတ်ခေါ်ပါသည်။

AerialView_XenonFactory

Xenon Company Limited သည် စတင်တည်ထောင်စဉ် ၂၀၀၆ခုနှစ် ကတည်းက ပုံနှိပ်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရပ်တည်လာခဲ့ပါသည်။ အရည်အသွေးမြင့် ပုံနှိပ်ဝန်ဆောင်မှုများဖြင့် သုံးစွဲသူနှင့် မိတ်ဖက်လုပ်ငန်းများ စိတ်တိုင်းကျသည်အထိ အစဉ်တစိုက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ပုံနှိပ်လုပ်ငန်းနည်းပညာမှာ အမြဲမပြတ်တိုးတက်ပြောင်းလဲနေသည်နှင့်အညီ ပိုမိုကောင်းမွန်သည့် စက်ပစ္စည်းနှင့် နည်းပညာများလည်း ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတကာနှင့်ရင်ဘောင်တန်းလာသည့် ခေတ်တွင် ပြောင်းလဲလာသည့်နည်းပညာနှင့်အညီ လိုက်ပါပြောင်းလဲရန် အလွန်အရေးကြီးပါသည်။ ခေတ်မီစက်ပစ္စည်းများအပြင် အရည်အသွေးမြင့် လုပ်ငန်းသုံးပစ္စည်းများ၏ အရေးပါမှုကို Xenon က အလေးအနက်နားလည်ထားပြီး ကျွမ်းကျင်လူသားရင်းမြစ်များ၏ စွမ်းရည်ကိုလည်း အလေးထားပါသည်။
Xenon Co., Ltd. သည် ပုံနှိပ်လုပ်ငန်း၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များကို အလေးအ နက်လိုက်နာပြီး သုံးစွဲသူမိတ်ဖက်လုပ်ငန်းရှင်များအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုများ သတ်မှတ်ချိန်အတိုင်းပေးစွမ်းနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။အရည်အ သွေးကိုထိန်းသိမ်းရန် Xenon ၏ နည်းပညာစွမ်းရည်ကို အမြဲမပြတ်မြှင့်တင်လျက်ရှိပြီး လူသားရင်းမြစ်ဖြည့်တင်းမှုအဖြစ် ငယ်ရွယ်ထက်သန်သော လူငယ်များကို စု ဆောင်းပျိုးထောင်နေပါသည်။ Xenon ကို ဂုဏ်သိက္ခာမြင့်မားသော လုပ်ငန်းအဖွဲ့အဖြစ် ဆက် လက်အသိအမှတ်ပြုခံရစေရန် ရည်သန်ပြီး အကောင်းဆုံးဆက်လက်ကြိုးပမ်းနေပါသည်။